About
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော့တို့ရဲ့ Man Plus Care blog လေးကနေ ကြိုဆိုလိုက်ပါတယ်။ ဒီ Blog လေးကတော့ ကျွန်တော်တို့ အမျိုးသားတွေအတွက် Sex Education တွေ၊ Life Style တွေ၊ Fashion တွေ နဲ့ ကျန်မားရေး ဗဟုသုတ အစုံအလင်ကို တနေရတည်းမှာ စုံလင်စွာ သိရှိနိုင်ဖို့အတွက် ရည်ရွယ်ပြီး တင်ဆက်ပေးနေပါတယ်ခင်ဗျာ။
ကျွန်တော်တို့ရဲ့
အဓိက ရည်ရွယ်ချက်ကတော့ ကူးစပ်ရောဂါတွေပပျောက်စေရေး၊ လွဲမှားနေတဲ့ အတွေအခေါ်တွေကို ပြန်လည်ပြင်ဆင်နိုင်ရေး၊
အမျိုသားကျန်းမာရေးတွေကို အစဉ်တဆိုက် ဂရုပြုကာကွယ်စောင့်ရှောက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့်
မလိုလာအပ်သော ကျန်းမားရေးပြဿနာများ ဖြစ်မလာစေရန်အတွက် အစဉ်မပျက် ဗဟုသုတများပေးနိုင်ရေးတွေ
ရည်ရွယ်ပါတယ်ခင်ဗျာ။
ဒီ
Blog လေးကနေ တင်ဆက်ပေးမယ့်အကြောင်းအရာလေးတွေကိုတော့ Online တွေ၊ ကျန်းမာရေး ဆရာဝန်တွေ
နဲ့ တခြားစာရေးဆရာတွေရဲ့ ပညာပေး ဗဟုသုတမှတ်စုတွေကို ထပ်ဆင့်ကူး တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။
အထူးရှင်းလင်းချက်။ ။ Man Plus Care သည် မည်သင့်အဖွဲ့အစည်းကိုမှ
ကိုယ်စားပြုခြင်းမရှိဘဲ ကျွန်တော်တစ်ဦးတည်း၏ ကိုယ်ပိုင် Blog ဖြစ်ပြီး အမျိုးသားများ၏
ကျန်းမာရေးများ အလွဲအမှားအများကို ကိုယ်ချင်းစာလျက် အများသိရှိလေ့လာနိုင်ရန် ရည်ရွယ်ပြီး
စီစဉ်တင်ဆက်ထားသော Blog လေးဖြစ်ပါသည်။ ဤ Blog မှ စီစဉ်တင်ဆက်ပေးလျက်ရှိသော စာစုများသည်
ကျွန်တော့်၏ ကိုယ်ပိုင်အတွေးအခေါ်များမဟုတ်ဘဲ Social Media နှင့် စာအုပ်များမှ ကောက်နုတ်ဖော်ပြသော
အကြောင်းအရာများသာဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်ခင်ဗျာ။
အထူးပန်ကြားချက်။ ။ လေးစားရပါသော လူကြီးမင်းများခင်ဗျာ လူကြီးမင်းတို့၏ အတွေးအခေါ်ဆောင်ပါးများမှ ကောက်နုတ်ချက်များနှင့် စာစုများကို ကျွန်တော့်ရဲ့ Man Plus Care Blog လေးတွင် အများပြည်သူများ သိရှိစေရန်အတွက် ပြန်လည်ကူယူဖော်ပြခွင့်ပြုပါရန် အထူးတောင်းဆိုအပ်ပါသည်။