Header Ads

သုတ်မလွှတ်တာကြာရင် ဘာဖြစ်တတ်သလဲ

သုတ်မလွတ်တာကြာရင်ဘာဖြစ်တတ်လဲ

အမျိုးသားတွေမှာ သုက်လွှတ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ။ လိင်ဆက်ဆံလို့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်အာသာဖြေလို့ပဲဖြစ်ဖြစ် နောက်ဆုံwet dreamsလို့ခေါ်တဲ့ အိပ်နေချိန် မသိလိုက်ဘဲ သုက်လွှတ်တာကလည်း သုက်လွှတ်ခြင်းတစ်မျိုးပါပဲ။ အမျိုးသားအများစုကတော့ နည်းအမျိုးမျိုးနဲ့ ပုံမှန်သုက်လွှတ်တတ်ကြပေမဲ့ သုက်မလွှတ်တာကြာရင် ဘာဖြစ်တတ်သလဲဆိုတာကိုလည်း စိတ်ဝင်စားကြပါတယ်။


ဘာလို့သုတ်မလွတ်ကြတာလဲ ?

ဒါ့ပြင် No Nut Novemberလို လမျိုးတွေဆို တစ်လလုံးလုံး လိင်လည်း မဆက်ဆံ၊ အာသာဖြေတာလည်း မလုပ်ဘဲ သုက်လွှတ်တာကို လုံးဝအနားပေးလိုက်တာလည်းရှိပါတယ်။ သုက်မလွှတ်တာကြာရင်  ဒီလိုအကျိုးကျေးဇူးတွေ ရမယ်လို့ ယုံကြည်တာကြောင့်ပါ တချို့ကလည်း သုက်မလွှတ်တာကြာရင် ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ အကျိုးကျေးဇူးတွေ ရမယ်လို့ ယုံကြည်လို့ပါတဲ့။ ရှေးအစဉ်အဆက်က လက်ကမ်းလာတဲ့ ယုံကြည်မှုတွေလည်း ပါပါတယ်။ ဥပမာ ပြောရရင် သုက်မလွှတ်တာ ကြာတဲ့အခါ 

·         အမျိုးသားစွမ်းဆောင်ရည် ပိုကောင်းလာမယ်

·         ကြွက်သားတွေ တက်လာမယ်

·         ယောကျာ်းပိုပီသလာမယ်

·         သုက်ကောင်ရဲ့ အရည်အသွေးပိုကောင်းလာမယ်

·         လိင်စိတ်ပြီးမြောက်မှု ပိုကောင်းလာမယ်လို့ ယုံကြည်ကြပါတယ်။


 စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း

·         စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေ သက်သာလို့

·         စိတ်အားတက်ကြွလိူ့

·         ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာလို့

·         စုံတွဲကြား ဆက်ဆံရေးတွေ ပိုကောင်းလာလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အချိန်အတော်ကြာ သုက်မလွှတ်ဘဲ နေကြတာ ဖြစ်ပါတယ်။


တကယ်ရော သုတ်မလွတ်တာကြာရင် ကျန်းမာရေးအတွက်ကောင်းလား ?

အခုချိန်ထိတော့ သုက်မလွှတ်ဘဲ နေတာက ကျန်းမာရေးအတွက် ကောင်းစေတယ်လို့ တိကျတဲ့ လေ့လာချက် မရှိပါဘူး။

လေ့လာချက် အသေးစားတွေမှာတော့ သုက်မလွှတ်ဘဲ နေတာက တက်စတိုစတီရုန်းလို့ ခေါ်တဲ့ အမျိုးသား ဟော်မုန်းနည်းနေသူတွေမှာ ဟော်မုန်းကို များစေတယ်၊ သုက်ကောင်တွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒါတွေက အသေးစားလေ့လာချက်တွေပဲ ဖြစ်ပြီး သေချာတဲ့အချက်တွေ မဟုတ်ပါဘူး။

ဒါနဲ့ ပြောင်းပြန် သုက်လွှတ်တာများရင်လည်း ဆီးကျိတ်ကင်ဆာ ကာကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါကလည်း ထပ်ပြီးလေ့လာဖို့ လိုသေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။


ဒါဆိုသုတ်မလွတ်တာကြာရင် ဘာဖြစ်တတ်လဲ ?

တချို့ကလည်း မေးကြတယ်။ သုက်မလွှတ်တာကြာရင် ခန္ဓာကိုယ်ထဲမှာ သုက်ရည်တွေ၊ သုက်ကောင်တွေ များလာပြီး ဘာဖြစ်တတ်သလဲဆိုတာပေါ့။

ဘာမှတော့ ကြီးကြီးမားမား မဖြစ်ပါဘူး။ သုက်ရည်တွေ၊ သုက်ကောင်တွေကို အချိန်တန်ရင် ခန္ဓာကိုယ်က သဘာဝအတိုင်း ဖျက်ရင်ဖျက်၊ မဖျက်လည်း အိပ်နေတုန်း ကိုယ်မသိလိုက်ဘဲ သုက်ရည်စိမ့်ထွက်တာကနေ ပါသွားမှာဖြစ်ပါတယ်။

ဒါကြောင့် သုက်က ကိုယ်မလွှတ်ချင်ရင် မလွှတ်လည်း ရပါတယ်။


ပုံမှန်သုတ်လွတ်ဖို့ကောလိုအပ်လား ?

သုက်လွှတ်ခြင်း၊ မလွှတ်ခြင်းက ကျန်းမာရေးအတွက် ကြီးကြီးမားမားသက်ရောက်မှု မရှိပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် လွှတ်လည်းရ၊ မလွှတ်လည်းရပါတယ်။ ပုံမှန်သုက်လွှတ်နေမှ ကျန်းမာတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ 


ဘယ်လိုအချိန်မှာ သတိထားရမလဲ ?

ကိုယ့်စိတ်နဲ့ကိုယ် သုက်လွှတ်တာ၊ မလွှတ်တာက ပြဿနာမဟုတ်ပေမယ့် သုက်လွှတ်ချင်ရက်နဲ့ လွှတ်လို့ မရရင်တော့ သတိထားပါ။ 

ဥပမာ တချို့ အမျိုးသားတွေက သုက်လွှတ်ရင် နာတာကြောင့် သုက်မလွှတ်ဘဲ ထိန်းထားတာတွေ ရှိပါတယ်။ ဒီလိုပြဿနာဆိုရင်တော့ ထိန်းထားရုံနဲ့ ပြီးသွားမှာ မဟုတ်ဘဲ ဘာကြောင့်နာရတာလဲဆိုတာကို ရှာဖွေကုသမှ ရမှာ ဖြစ်ပါတယ်။

တချို့တွေကျတော့လည်း သုက်လွှတ်ချင်တာကို မလွှတ်အောင် လိင်တံကို အတင်းညှစ်ပြီး ပိတ်ထားတတ်တဲ့ အကျင့်ရှိပါတယ်။ ဒါကလည်း မလုပ်သင့်ပါဘူး။ လိင်တံကို ထိခိုက်တာ၊ လိင်တံရဲ့ သွေးကြောကို ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။  


Credit : Hello Sayarwon

Written By : Htet Htwt Zaw Win (အထွေထွေရောဂါကုဆရာဝန်)

Powered by Blogger.