HIV စစ်ဆေးနည်း ဘယ်နှမျိုး ရှိသလဲ
HIV စစ်ဆေးနည်း ဘယ်နှမျိုး ရှိသလဲ
HIV စစ်ဆေးတာက အရေးကြီးသလားဆိုတော့
အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ HIV က စစကူးကူးချင်းဆို လက္ခဏာမပြလို့ပါ။
ပြခဲ့ရင်တောင်မှ အစပိုင်းမှာဆို တုပ်ကွေးဆန်ဆန် ဖျားတာ၊ ကိုယ်လက်ကိုက်တာလောက်ပဲ
ပြတာပါ။ နောက်ပိုင်း AIDSအဆင့်ကို ရောက်သွားပြီဆိုမှသာ သိသာတဲ့ လက္ခဏာတွေ ပြတာပါ။
ဒါကြောင့် HIV ဖြစ်နေပြီလားဆိုတာကို လက္ခဏာနဲ့ ဆုံးဖြတ်တာထက် ဆေးစစ်လိုက်တာက
ပိုသေချာပါတယ်။ ဒီဆောင်းပါးမှာ HIV စစ်ဆေးနည်း ၃မျိုးကို ပြောပြပေးပါတယ်။
HIV
စစ်ဆေးတာက အရေးကြီးသလားဆိုတော့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ HIV က
စစကူးကူးချင်းဆို လက္ခဏာမပြလို့ပါ။ ပြခဲ့ရင်တောင်မှ အစပိုင်းမှာဆို တုပ်ကွေးဆန်ဆန်
ဖျားတာ၊ ကိုယ်လက်ကိုက်တာလောက်ပဲ ပြတာပါ။ နောက်ပိုင်း AIDSအဆင့်ကို
ရောက်သွားပြီဆိုမှသာ သိသာတဲ့ လက္ခဏာတွေ ပြတာပါ။ ဒါကြောင့် HIV
ဖြစ်နေပြီလားဆိုတာကို လက္ခဏာနဲ့ ဆုံးဖြတ်တာထက် ဆေးစစ်လိုက်တာက ပိုသေချာပါတယ်။ ဒီဆောင်းပါးမှာ
HIV စစ်ဆေးနည်း ၃မျိုးကို ပြောပြပေးပါတယ်။
Self-testingနဲ့ လည်း စစ်လို့ရတယ်ဆို
ကိုယ့်မှာ
HIVလို့ သံသယရှိတဲ့အခါ ဆေးရုံဆေးခန်း တန်းသွားတဲ့သူက ရှားပါတယ်။ ခုခေတ်လူတွေက HIVဗဟုသုတလည်း မနည်းတော့တာကြောင့် ကိုယ့်ဟာကိုယ်ပဲ
ဓာတ်ခွဲခန်းသွားပြီး HIVစစ်ပေးပါဆိုပြီး စစ်ချလိုက်တာပါပဲ။ ဒါကိုတောင်မှ ကိုယ့်ကို
သူများတွေ တစ်မျိုးမြင်မှာစိုးလို့ တိတ်တိတ်ဆိတ်ဆိတ်ပဲ စစ်ချင်တဲ့ သူတွေလည်း
ရှိပါတယ်။ သူတို့က Self testingနဲ့
စစ်နိုင်ပါတယ်။
Self testနဲ့ စစ်တာ အများစုကက Antibody ကို စစ်တာပါ။ လက်ထိပ်ကို သွေးဖောက်ပြီး စစ်လို့ရသလို ခံတွင်းထဲက အရည်ကို ယူပြီးလည်း စစ်လို့ရပါတယ်။ သူကလည်း ၂၃−၉၀ရက်လောက်မှ စစ်ရင် အဖြေပိုမှန်နိုင်ပါတယ်။ သွေးကြောထဲကနေ သွေးယူပြီး စစ်တာကတော့ ဒါထက်ပိုစောပြီး သိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ Self testနဲ့ စစ်ဆေးလို့ ရပြီလားဆိုတာကိုတော့ မသိသေးပါဘူး။
HIV စစ်ဆေးပြီး ရလာတဲ့ အဖြေကိုဘယ်လို ယူဆကြမလဲ။
အဖြေကတော့
positive ဒါမှမဟုတ် negative ထွက်လာမှာပါ။
Positive ထွက်လာခဲ့ရင်
Self-testနဲ့ပဲဖြစ်ဖြစ်၊
ဓာတ်ခွဲခန်းမှာပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ်စစ်ပြီး Positiveလို့ ထွက်လာခဲ့ရင်
နီးစပ်ရာဆေးခန်း ဒါမှမဟုတ် HIV/AIDS ဆေးခန်းတွေကို သွားပြီး တိုင်ပင်ပါ။
နောက်တစ်ခါ ထပ်စစ်ဖို့ ညွှန်ကြားပါလိမ့်မယ်။ အစတည်းက ဆေးခန်းမှာ ဆရာဝန်
ညွှန်ကြားချက်နဲ့ စစ်ပြီး Positiveလို့ ထွက်လာခဲ့ရင်လည်း သေချာအောင် နောက်တစ်ခါ
စစ်ခိုင်းပါလိမ့်မယ်။ ဒါမျိုးက မှားပြီး ပြောမိရင် မကောင်းဘူးကိုး။ ဘယ်နှခါပဲဖြစ်ဖြစ်
Positiveပဲ ထွက်လာရင်ရော။ ဒါဆိုရင်လည်း စိတ်မပျက်ပါနဲ့။ HIVရှိတယ်လို့ အဖြေထွက်တာက
AIDSရောဂါရှိနေပြီလို့
ပြောလိုက်တာ မဟုတ်ပါဘူး။ ဆေးသေချာသောက်မယ်ဆိုရင် ကိုယ်ထဲမှာ ပိုးကောင်ရေ
မရှိသလောက်ပမာဏဖြစ်အောင် ထိန်းချုပ်နိုင်မှာပါ။ ဒါဆို သာမန်လူလိုပဲ နေလို့ရတယ်။
အိမ်ထောင်ပြုလို့ရတယ်။ ကလေးယူလို့ ရပါတယ်။
Negative ထွက်လာရင်
Negative
လို့ ထွက်လာရင် ပိုပြီးသေချာအောင် Window period ကျော်တဲ့အခါ၊ ဆိုလိုတာ
၃လလောက်နေရင် တစ်ခေါက်ထပ်စစ်ပါ။ အဲ့ဒီမှာလည်း Negative ပဲ ထွက်လာရင်၊ ပြန်စစ်ဖို့
စောင့်နေတဲ့ ၃လအတွင်းမှာလည်း HIVကူးနိုင်တဲ့ အပြုအမူတွေ ထပ်မလုပ်ခဲ့ရင် တကယ်
Negativeလို့ ယူဆနိုင်ပါတယ်။
Credit : Hello Sayarwon မှ ကူးယူသည်